Saturday, October 25, 2014

Flash Tool Firmware တင်နည်း

Posted By: Maung Pauk - 10:32 PM


Step 1: USB Driver မရှိသေးရင် အောက်မှာ ဒေါင်းပြီး ကွန်ပျူတာမှာ တင်ထားလိုက်ပါ..
Step 2: ဖုန်းကို Power Off  လုပ်ပြီး Battery ကိုဖြုတ်ထားလိုက်ပါ..

Step 3: Download လုပ်ထားတဲ့ Flash Tool Firmware ကို ဖြည်ထားပါ။

Step 4: အောက်ကလင့်မှာ Flash Tool ကို ဒေါင်းပြီးဖြည်ချလိုက်ပါ.. အောက်ပါတိုင်း မြင်ရပါမယ်..
Smart Phone Flash Tool Extracted Files
Step 5: ဖြည်ချထားတဲ့ Flsah Tool တွေထဲက အပြာရောင်လေးနဲ့ Flash_tool.exe ကို Run လိုက်ပါ..


Step 6: ညာဘက်နားက Scatter-Loading ဆိုတဲ့ Button ကိုနှိပ်ပြီး ဖြည်ချထားတဲ့ Flash Tool Firmware တွေထဲက Scatter နာမည်ပါတဲ့ txt ဖိုင်ကို ရွေးပြီး Open လုပ်ပါ..




Step 7: အပေါ်နားလေးက Download Button ကိုနှိပ်ပါ..



Step 8: ဖုန်းကို ဒီအတိုင်း ဘက်ထရီမပါဘဲ ကွန်ပျူတာမှာ ချိတ်လိုက်ပါ.. ကွန်ပျူတာမှာ ချိတ်ပြီးတာနဲ့ ဖုန်းထဲက Volume Down or Volume Up key တစ်ခုခုကို နှိပ်ထားပေးလိုက်ပါ.. ကွန်ပျူတာက ဖုန်းကို အလိုလို သိသွားပါမယ်..

Step 9: Firmware တင်နေတာကို တွေ့နေရမှာဖြစ်ပြီး ပြီးသွားရင်တော့ အစိမ်းရောင် ဝလုံးလေးပုံနဲ့ Download OK ဆိုပြီး ပေါ်လာပါမယ်.. Flash Tool ကိုပိတ်ပြီး ဖုန်းကို ဖြုတ်လိုက်ပါ.. ဘက်ထရီတပ်ပြီး ပါဝါဖွင့်နိုင်ပါပြီ..




0 comments: